-
နေဟမိ ၁၀:၃၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၈ လေဝိအမျိုးသားတွေ ဆယ်ဖို့တစ်ဖို့ ကောက်ခံတဲ့အခါ အာရုန်အမျိုး ပုရောဟိတ်တွေ အနားမှာ ရှိရမယ်။ လေဝိအမျိုးသားတွေက ဆယ်ဖို့တစ်ဖို့ထဲကနေ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင့်အိမ်တော်ဆီ၊+ သိုလှောင်ရုံထဲက အခန်းတွေဆီ ယူလာရမယ်။
-
-
နေဟမိ ၁၃:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယုဒလူတွေကလည်း ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ရဲ့ ဆယ်ဖို့တစ်ဖို့ကို+ သိုလှောင်ခန်းတွေဆီ ယူလာကြတယ်။+ ၁၃ အဲဒီနောက် ကျွန်တော်က ပုရောဟိတ်ရှေလမိ၊ ကျမ်းကူးသူ ဇာဒုတ်နဲ့ လေဝိအမျိုးသား ပေဒါယကို သိုလှောင်ခန်းတာဝန်ခံအဖြစ် ခန့်ထားတယ်။ မသနိရဲ့မြေး၊ ဇက္ကုရရဲ့သား ဟာနန်က လက်ထောက်ဖြစ်တယ်။ သူတို့ဟာ ယုံကြည်စိတ်ချထိုက်သူတွေဖြစ်ပြီး ညီအစ်ကိုတွေအတွက် ဝေစုခွဲဝေပေးရတဲ့တာဝန် ရထားကြတယ်။
-