-
ဧသတာ ၉:၅-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဂျူးတွေက ရန်သူတွေကို ဓားနဲ့ သုတ်သင်ကွပ်မျက်တယ်။ သူတို့ကို မုန်းတီးတဲ့သူတွေကိုလည်း ဆန္ဒရှိသလို လုပ်ကြတယ်။+ ၆ ရှုရှန်နန်းတော်မှာ+ လူ ၅၀၀ ကို သတ်ပစ်တယ်။ ၇ ဒါ့အပြင် ပါရှန်ဒါသ၊ ဒါလဖုန်၊ အာသပါသ၊ ၈ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ၉ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း ကွပ်မျက်တယ်။ ၁၀ သူတို့ဟာ ဟမ်မဒါသရဲ့သား၊ ဂျူးတွေရဲ့ရန်သူ ဟာမန်ရဲ့ သားဆယ်ယောက်ပဲ။+ အဲဒီလိုကွပ်မျက်လိုက်ပေမဲ့ သူတို့ရဲ့ ပစ္စည်းဥစ္စာကိုတော့ မသိမ်းယူကြဘူး။+
-