ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဧသတာ ၃:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ စာတွေကို  ခြေမြန်တော်ကတစ်ဆင့် အာရွှေရုအုပ်ချုပ်တဲ့ ခရိုင်အားလုံးဆီ ပို့လိုက်တယ်။ အာဒါလို့ခေါ်တဲ့ ၁၂ လပိုင်း၊ ၁၃ ရက်၊+ တစ်နေ့တည်းမှာ လူကြီးလူငယ်၊ မိန်းမ၊ ကလေးပါမကျန် ဂျူးလူမျိုးအားလုံးကို သုတ်သင်ပယ်ရှင်းဖို့၊ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို  သိမ်းယူဖို့ အမိန့်ပေးထားတယ်။+

  • ဧသတာ ၉:၁၊ ၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ အာဒါ* လို့ခေါ်တဲ့ ၁၂ လပိုင်း၊ ၁၃ ရက်နေ့+ ရောက်လာတယ်။ အမိန့်တော်စာအတိုင်း  လုပ်ဆောင်ရမယ့်နေ့၊+ ဂျူးတွေကို သုတ်သင်ဖို့ ရန်သူတွေ စောင့်မျှော်နေတဲ့နေ့ပဲ။ ဒါပေမဲ့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘဲ ဂျူးတွေက သူတို့ကို မုန်းတီးတဲ့သူတွေကို အနိုင်ရလိုက်တယ်။+ ၂ အာရွှေရုမင်း အုပ်ချုပ်တဲ့ ခရိုင်အားလုံးကမြို့တွေမှာ ဂျူးတွေက အန္တရာယ်ပြုသူတွေကို ခုခံဖို့ စုရုံးကြတယ်။+ သူတို့ကို ကြောက်တဲ့အတွက် လူတွေ တစ်ယောက်မှ ရန်မမူရဲကြဘူး။+

  • ဧသတာ ၉:၁၆၊ ၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ မင်းကြီး အုပ်ချုပ်တဲ့ခရိုင်တွေထဲက ကျန်တဲ့ဂျူးတွေလည်း စုရုံးပြီးနောက် ကိုယ့်အသက်အတွက် ခုခံကာကွယ်ပြီး+ ရန်သူတွေကို နှိမ်နင်းကြတယ်။+ သူတို့ကို မုန်းတီးတဲ့သူတွေထဲက လူ ၇၅,၀၀၀ ကို သုတ်သင်ပစ်တယ်။ ပစ္စည်းဥစ္စာကိုတော့ မသိမ်းယူကြဘူး။ ၁၇ အဲဒီအချိန်ကတော့ အာဒါလ၊ ၁၃ ရက်နေ့ဖြစ်တယ်။ ၁၄ ရက်နေ့မှာ သူတို့အနားယူတယ်။ အဲဒီနေ့ကို ပျော်ပျော်ပါးပါး ပွဲခံရာနေ့အဖြစ် သတ်မှတ်လိုက်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ