-
ဧသတာ ၃:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဟာမန်က အာရွှေရုမင်းကို “မင်းကြီးရဲ့ ပိုင်နက်ထဲက ခရိုင်တွေမှာ+ လူမျိုးစုတွေကြား ဟိုတစ်စုဒီတစ်စု ပျံ့နှံ့နေတဲ့ လူမျိုးတစ်မျိုး ရှိပါတယ်။+ သူတို့ရဲ့ စည်းမျဉ်းဥပဒေဟာ တခြားလူမျိုးတွေနဲ့ မတူပါဘူး။ မင်းကြီးပြဋ္ဌာန်းတဲ့ ဥပဒေတွေကိုလည်း မလိုက်နာကြဘူး။ သူတို့ကို ဒီအတိုင်းလွှတ်ထားရင် မင်းကြီးအတွက် အကျိုးမရှိပါဘူး။
-
-
ဧသတာ ၇:၄-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ ကျွန်မနဲ့ ကျွန်မရဲ့လူမျိုး ရောင်းစားခံလိုက်ရပြီ။+ ကျွန်မတို့ အသတ်ခံရတော့မယ်။ သုတ်သင်ပယ်ရှင်း ခံရတော့မယ်။+ ကျွန်အဖြစ် ရောင်းစားခံရရုံပဲဆိုရင်တော့ ကျွန်မ နှုတ်ဆိတ်နေဦးမှာပါ။ အခုတော့ ဒီဘေးဆိုးကြီးဟာ မင်းကြီးကိုလည်း အကျိုးယုတ်စေမှာဖြစ်လို့ ခွင့်ပြုတော်မမူပါနဲ့” ဆိုပြီးပြောလိုက်တယ်။
၅ အဲဒီအခါ မင်းကြီးက “ဒီလိုကြံစည်ဝံ့တာ ဘယ်သူလဲ။ အဲဒီလူ ဘယ်မှာလဲ” လို့မေးတယ်။ ၆ ဧသတာက “ကျွန်မတို့ကို တိုက်ခိုက်တဲ့ ရန်သူကတော့ ဟောဒီလူယုတ်မာ ဟာမန်ပါပဲ” လို့ပြောလိုက်တယ်။
ဟာမန်ဟာ မင်းကြီးနဲ့ မိဖုရားကို ကြောက်ပြီး တဆတ်ဆတ် တုန်နေတယ်။
-