-
ဧသတာ ၄:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အကြောင်းစုံကို မော်ဒကဲ+ သိသွားတဲ့အခါ+ အဝတ်ကို ဆွဲဆုတ်၊ အထည်ကြမ်း* ဝတ်ပြီး ခေါင်းပေါ် ပြာတွေတင်တယ်။ အဲဒီနောက် မြို့လယ်ခေါင်ကို သွားပြီး ရှိုက်ကြီးတငင် ငိုတော့တယ်။ ၂ အထည်ကြမ်း ဝတ်ထားသူတိုင်း နန်းတော်ထဲ ဝင်ခွင့်မရှိတဲ့အတွက် မော်ဒကဲက နန်းတော်တံခါးအထိပဲ သွားတယ်။ ၃ အမိန့်တော်စာ ရောက်သွားတဲ့ ခရိုင်အားလုံးမှာ+ ဂျူးတွေ အကြီးအကျယ် ငိုကြွေးမြည်တမ်းပြီး အစာရှောင်ကြတယ်။+ အထည်ကြမ်းတွေ၊ ပြာတွေပေါ် အိပ်ကြတယ်။+
-