ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယောဘ ၇:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ကျုပ်ရဲ့နေ့ရက်တွေဟာ ကုန်မြန်လိုက်တာ။ ရက်ကန်းသမရဲ့ လွန်းထက်တောင် မြန်သေးတယ်။+

      ဘာမျှော်လင့်ချက်မှ မရှိဘဲ ကုန်ဆုံးသွားတယ်။+

  • ယောဘ ၁၄:၁၊ ၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ “လူ့ဘဝဟာ တိုတောင်းတယ်။+

      ဒုက္ခတွေ ပြည့်နှက်နေတယ်။+

       ၂ လူဟာ ပန်းလိုပွင့်ပြီး ညှိုးနွမ်းသွားတယ်။*+

      အရိပ်လိုကွယ်ပျောက်သွားတယ်။+

  • ဆာလံ ၃၉:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ ကျွန်တော့်အသက်ကို ကိုယ်တော် တိုတောင်းစေတယ်။+

      ရှေ့တော်မှာ ကျွန်တော့်သက်တမ်းဟာ မပြောပလောက်ပါဘူး။+

      ဘေးကင်းလုံခြုံနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ လူ့သက်တမ်းဟာ ပင့်သက်တစ်ရှိုက်စာပါပဲ။+ (စဲလာ)

       ၆ လူတွေဟာ အရိပ်လိုပဲ ရှင်သန်လှုပ်ရှားနေတယ်။

      ဘာမဟုတ်တဲ့အရာတွေအတွက် သဲကြီးမဲကြီး ရုန်းကန်နေတယ်။

      စည်းစိမ်တွေသာ စုဆောင်းနေတာ၊ ဘယ်သူစံစားရမယ်မှန်း သူ မသိရှာဘူး။+

  • ဆာလံ ၁၀၃:၁၅၊ ၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ သေမျိုးဖြစ်တဲ့လူဟာ မြက်ပင်လိုပဲ သက်တမ်းတိုတယ်။+

      လယ်ထဲကပန်းလို တစ်ခဏပဲ ဝေဆာတယ်။+

      ၁၆ လေတစ်ချက် အဝှေ့မှာ ပျောက်သွားလိုက်တာ

      တစ်ခါမှ မရှိခဲ့ဖူးသလို ဖြစ်သွားတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ