-
ယောဘ ၄:၁၈-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ကြည့်လေ။ ဘုရားက မိမိရဲ့ကျွန်တွေကို မယုံဘူး။
ကောင်းကင်တမန်တွေကိုတောင် အပြစ်ရှာသေးတာ။
၁၉ ရွှံ့အိမ်မှာ နေတဲ့သူ၊
မြေမှုန့်နဲ့ ဖွဲ့စည်းထားသူ၊+
ပိုးဖလံလို ပျက်စီးလွယ်သူတွေဆိုရင်တော့ ပြောမနေနဲ့တော့။
၂၀ သူတို့က တစ်နေ့ချင်းမှာပဲ စိစိညက်ညက် ကြေသွားတယ်။
ဘယ်သူမှ မသိလိုက်ဘဲ ထာဝစဉ် ပျက်စီးသွားရတယ်။
-
-
ယောဘ ၂၅:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဘုရားရှေ့မှာ လမင်းတောင် ထိန်ထိန်လင်းတာ မဟုတ်ဘူး။
ကြယ်တွေလည်း စင်ကြယ်တာ မဟုတ်ဘူး။
၆ လောက်ကောင်ဖြစ်တဲ့ သေမျိုးလူသား၊
တီကောင်ဖြစ်တဲ့ လူသားဆိုရင် ပြောမနေနဲ့တော့။”
-
-
ယောဘ ၄၂:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အခု၊ နွားထီးခုနစ်ကောင်နဲ့ သိုးထီးခုနစ်ကောင်ကို ယူပြီး ငါ့ကျွန်ယောဘဆီ သွားကြ။ မီးရှို့ရာပူဇော်သက္ကာ ဆက်သကြ။ ငါ့ကျွန်ယောဘက မင်းတို့အတွက် ဆုတောင်းပေးလိမ့်မယ်။+ မင်းတို့ရဲ့ မိုက်မဲမှုနဲ့အညီ ငါမစီရင်မိဖို့ သူတောင်းဆိုပေးရင် ငါလက်ခံမယ်။ ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့ မပြောကြဘူး။”
-