- 
	                        
            
            ကမ္ဘာဦး ၄:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၉ နောက်တော့ ယေဟောဝါက “မင်းရဲ့ညီအာဗေလ ဘယ်မှာလဲ” လို့မေးတဲ့အခါ ကာအိနက “ဘယ်သိမလဲ။ ကျွန်တော်က သူ့ရဲ့အုပ်ထိန်းသူမှ မဟုတ်တာ” လို့ဖြေတယ်။ ၁၀ ဘုရားသခင်က “မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်းညီရဲ့သွေးက မြေကြီးထဲကနေ ငါ့ကို အော်ဟစ်နေပြီ။+ 
 
- 
                                        
- 
	                        
            
            ကမ္ဘာဦး ၉:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၅ ဒါ့အပြင် တစ်ယောက်ယောက်က မင်းတို့ကို သတ်ခဲ့ရင် အသက်ဖြစ်တဲ့ သူ့ရဲ့သွေးကို ငါပြန်တောင်းမယ်။ တိရစ္ဆာန်က သတ်ရင် အဲဒီတိရစ္ဆာန် သေရမယ်။ လူလူချင်းသတ်ရင် သတ်တဲ့သူ သေရမယ်။+ 
 
- 
                                        
- 
	                        
            
            ၂ ဘုရင်များ ၉:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၄ အဲဒီအခါ ယေဟုက လေးတင်ပြီး ယောရံရဲ့ နောက်ကျောတည့်တည့်ကို ပစ်လိုက်တဲ့အခါ မြားက နှလုံးကို ထုတ်ချင်းခွင်းလိုက်တဲ့အတွက် မြင်းရထားပေါ်မှာ လဲကျသွားတယ်။ 
 
- 
                                        
- 
	                        
            
            လုကာ ၁၁:၄၉-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄၉ ဒါကြောင့် ဉာဏ်ပညာကြီးစွာနဲ့ ဘုရားသခင်က ‘ပရောဖက်တွေ၊ တမန်တော်တွေကို သူတို့ဆီ ငါစေလွှတ်မယ်။ သူတို့က တချို့ကို သတ်၊ တချို့ကို ညှဉ်းဆဲလိမ့်မယ်။ ၅၀ ဒါကြောင့် ငါက ဒီလူမျိုးဆက်ကို လူ့လောကအစပြုချိန်* ကစပြီး ကျခဲ့တဲ့ ပရောဖက်အားလုံးရဲ့သွေး၊+ ၅၁ အာဗေလကအစ+ ပူဇော်ရာပလ္လင်နဲ့ ဗိမာန်တော်ကြားမှာ အသတ်ခံခဲ့ရတဲ့ ဇာခရိအဆုံး+ သူတို့အားလုံးရဲ့ သွေးအတွက် ဒဏ်ခတ်မယ်’ လို့ပြောခဲ့တယ်။ ကျွန်တော်ပြောမယ်။ သူတို့ရဲ့သွေးအတွက် အဖိုးအခကို ဒီလူမျိုးဆက် ပေးဆပ်ရလိမ့်မယ်။ 
 
-