-
တရားဟောရာ ၆:၁၀-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို ပေးမယ်ဆိုပြီး ဘိုးဘေးအာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ကျိန်ဆိုခဲ့တဲ့ပြည်ထဲ+ ခေါ်ဆောင်သွားတဲ့အခါ၊ ခင်ဗျားတို့ဟာ ကိုယ်တိုင် မတည်ဆောက်ခဲ့တဲ့ မြို့ကြီးမြို့ကောင်းတွေ၊+ ၁၁ ကိုယ်တိုင်မဖြည့်ဘဲ ကောင်းမွန်ရာအမျိုးမျိုး ပြည့်နေတဲ့အိမ်တွေ၊ ကိုယ်တိုင်မတူးခဲ့တဲ့ ရေလှောင်ကန်တွေ၊ ကိုယ်တိုင် မစိုက်ပျိုးခဲ့တဲ့ စပျစ်ခြံတွေ၊ သံလွင်ပင်တွေရှိတဲ့ပြည်ထဲ ရောက်ပြီး ဝဝလင်လင် စားသောက်ရတဲ့အခါ၊+ ၁၂ ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခင်ဗျားတို့ကို ခေါ်ထုတ်လာတဲ့ ယေဟောဝါကို မေ့သွားတဲ့အဖြစ်မျိုး မရောက်ရအောင် သတိပြုပါ။+
-
-
ယောဘ ၃၁:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ရွှေကို ကျုပ်အားကိုးခဲ့ရင်၊
ရွှေစင်ကို ‘အာမခံချက်ပဲ’ လို့ပြောခဲ့ရင်၊+
-
-
ယောဘ ၃၁:၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ ကောင်းကင်မှာရှိတဲ့ စစ်မှန်တဲ့ဘုရားသခင်ကို ငြင်းပယ်ရာရောက်တယ်။
ဒါဟာ တရားသူကြီးတွေပေးတဲ့ ပြစ်ဒဏ်ကို ခံထိုက်တဲ့အမှားပဲ။
-
-
မဿဲ ၆:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ “သံချေးနဲ့ ပိုးမွှားကြောင့် ပျက်စီးနိုင်တဲ့၊ သူခိုးဝင်ခိုးနိုင်တဲ့ မြေကြီးဘဏ္ဍာကို+ မစုဆောင်းကြနဲ့တော့။
-
-
မာကု ၈:၃၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၆ တစ်လောကလုံးကို ပိုင်ဆိုင်ထားပေမဲ့ အသက်ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။+
-