-
ယောရှု ၁၀:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ အဲဒီအခါ အာမောရိဘုရင် ငါးပါးဖြစ်တဲ့+ ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်က ပူးပေါင်းပြီး စစ်သည်အလုံးအရင်းနဲ့ ချီတက်သွားကြတယ်။ အဲဒီနောက် ဂိဗောင်မြို့ကို တိုက်ဖို့ တပ်ချကြတယ်။
-
-
ယောရှု ၁၀:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ယေဟောဝါက ရန်သူတွေကို အစ္စရေးတွေရှေ့မှာ ဖရိုဖရဲဖြစ်စေတယ်။+ ဒါကြောင့် အစ္စရေးတွေက ဂိဗောင်မြို့မှာ ရန်သူအမြောက်အမြားကို ကွပ်မျက်ကြတယ်။ ဗေသောရုန်အတက်လမ်းအတိုင်း လိုက်ပြီး အဇေကာမြို့နဲ့ မက်ကဒါမြို့အထိ လိုက်သတ်ကြတယ်။
-