-
၁ ဘုရင်များ ၁၉:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ သူက “ကျွန်တော်ဟာ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါအတွက် အင်မတန် စိတ်ထက်သန်တဲ့သူပါ။+ အစ္စရေးတွေက ကိုယ်တော့်ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။+ ပူဇော်ရာ ပလ္လင်တွေကို ဖြိုဖျက်ကြပြီ။ ပရောဖက်တွေကိုလည်း ကွပ်မျက်ကြပြီ။+ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ကျွန်တော့်အသက်ကိုပါ သတ်ပစ်ဖို့ ရှာကြံနေကြပြီ”+ လို့ဖြေတယ်။
-
-
ဆာလံ ၁၁၉:၁၃၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃၉ နှုတ်တော်ထွက်စကားကို ရန်သူတွေ မေ့လျော့တဲ့အတွက်
ကျွန်တော့်ရဲ့ စိတ်ထက်သန်မှုဟာ ရင်ထဲမှာ တောက်လောင်နေတယ်။+
-
-
မဿဲ ၂၁:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယေရှုက ဗိမာန်တော်ထဲဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေသူတွေကို မောင်းထုတ်လိုက်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံတွေကို မှောက်လှန်ပစ်တယ်။+ ၁၃ ပြီးတော့ “‘ငါ့အိမ်ကို ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’+ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့ကတော့ ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ”+ လို့ပြောတယ်။
-
-
မာကု ၁၁:၁၅-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဂျေရုဆလင်မြို့ကို ရောက်လာတဲ့အခါ ယေရှုက ဗိမာန်တော်ထဲဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံကို မှောက်လှန်ပစ်တယ်။+ ၁၆ ဗိမာန်တော်ကို ဖြတ်သန်းပြီး ပစ္စည်းတွေ သယ်ဆောင်ဖို့ လုံးဝခွင့်မပြုဘူး။ ၁၇ “‘ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’+ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့က အိမ်တော်ကို ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ”+ ဆိုပြီး လူတွေကို ဆုံးမတယ်။
-
-
ယောဟန် ၂:၁၃-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဂျူးတွေရဲ့ ပသခါပွဲ*+ နီးလာတဲ့အခါ ယေရှုက ဂျေရုဆလင်မြို့ကို တက်သွားတယ်။ ၁၄ ဗိမာန်တော်မှာ သိုး၊ နွား၊ ချိုးငှက်+ ရောင်းသူတွေ၊ ထိုင်ပြီး ငွေလဲပေးနေသူတွေကို တွေ့တယ်။ ၁၅ ဒါနဲ့ ကြိုးနှင်တံတစ်ချောင်း လုပ်ပြီး သိုးနွားရောင်းသူတွေကိုရော သိုးနွားတွေကိုပါ ဗိမာန်တော်ကနေ နှင်ထုတ်တယ်။ ငွေလဲသူတွေရဲ့ ငွေတွေကိုလည်း သွန်ချပြီး စားပွဲတွေကို မှောက်လှန်ပစ်တယ်။+ ၁၆ ချိုးငှက်ရောင်းသူတွေကိုလည်း “ဒါတွေကို ယူသွားကြ။ ကျွန်တော့်အဖရဲ့ အိမ်တော်မှာ အရောင်းအဝယ် မလုပ်ကြနဲ့”+ လို့ပြောတယ်။ ၁၇ အဲဒီအခါ “အိမ်တော်အတွက် စိတ်ထက်သန်မှုဟာ ကျွန်တော့်ရင်ထဲမှာ တောက်လောင်နေတယ်”+ ဆိုတဲ့ ကျမ်းစကားကို တပည့်တွေ သတိရသွားတယ်။
-