- 
	                        
            
            ဆာလံ ၄၀:၁၃-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၃ အို ယေဟောဝါ၊ ကျွန်တော့်ကို ကယ်တင်ဖို့ အလိုရှိတော်မူပါ။+ ယေဟောဝါဘုရား၊ အမြန်လာကူပါဦး။+ ၁၄ ကျွန်တော့်အသက်ကို သတ်ချင်သူအားလုံး အရှက်ကွဲပြီး ရှုတ်ချခံရပါစေ။ ကျွန်တော် ဘေးဆိုးကြုံရလို့ ဝမ်းသာအားရ ဖြစ်နေသူတွေ အရှက်တကွဲ နောက်လှည့်ပြေးရပါစေ။ ၁၅ ကျွန်တော့်ကို ဟားတိုက်နေသူတွေ အရှက်ကွဲလို့ တုန်လှုပ်ချောက်ချားပါစေ။ ကိုယ်တော့် ကယ်တင်ခြင်းကို မြတ်နိုးသူတွေက “ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါ” လို့ အမြဲပြောနိုင်ကြပါစေ။+ ၁၇ ခိုကိုးရာမဲ့ပြီး ဆင်းရဲနွမ်းပါးနေလို့ ကျွန်တော့်ကို ယေဟောဝါ အာရုံစိုက်ပါစေ။ ကိုယ်တော်ဟာ ကူညီမစရှင်၊ ကယ်တင်ရှင်ပါ။+ အို ဘုရားသခင်၊ နှောင့်နှေးမနေပါနဲ့။+ 
 
-