-
ဟေရှာယ ၆:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ သြဇိမင်း ကွယ်လွန်တဲ့နှစ်မှာ+ မြင့်မားလှတဲ့ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေဟောဝါကို ငါမြင်တယ်။+ ဗိမာန်တော်ဟာ ဝတ်လုံတော်ရဲ့ အနားစွန်းနဲ့ ပြည့်သွားတယ်။ ၂ ဘုရားရဲ့ပတ်လည်မှာ သရပ်တွေ* ရပ်နေတယ်။ သူတို့မှာ အတောင်ခြောက်ခုစီ ရှိတယ်။ အတောင်နှစ်ခုက မျက်နှာကို၊ နှစ်ခုက ခြေထောက်ကို ဖုံးအုပ်ထားပြီး ကျန်တဲ့အတောင်နှစ်ခုနဲ့ ပျံသန်းကြတယ်။
၃ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်။+
ကမ္ဘာမြေတစ်ပြင်လုံးဟာ ဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ ပြည့်နေတယ်” ဆိုပြီး
တစ်ပါးကိုတစ်ပါး ကြွေးကြော်နေကြတယ်။
-
-
ယေဇကျေလ ၁:၂၇၊ ၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ သူ့ရဲ့ ခါးအပေါ်ပိုင်းလောက်ကနေ ပယင်းရောင် တောက်ပနေတာ၊ မီးသဏ္ဌာန် ဖြာထွက်နေတာကို+ ကျွန်တော် တွေ့တယ်။ ခါးအောက်ပိုင်းမှာလည်း မီးနဲ့တူတဲ့အရာကို တွေ့တယ်။+ သူ့ပတ်လည်မှာ ဖြာထွက်နေတဲ့ ရောင်ခြည်ဟာ၊ ၂၈ မိုးရွာတဲ့နေ့မှာ တိမ်ပေါ်က သက်တံနဲ့တူတယ်။+ ပတ်လည်မှာ အဲဒီလိုရောင်ခြည်မျိုး ဖြာထွက်နေတယ်။ ယေဟောဝါရဲ့ ဘုန်းအသရေ ထွန်းလင်းသလိုမျိုးပဲ။+ အဲဒါကိုမြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်။ အဲဒီအခါ စကားသံတစ်သံ ကြားရတယ်။
-