ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရာဇဝင်ချုပ် ၁၆:၂၈-၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ လူမျိုးနွယ်တို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။

      ယေဟောဝါဟာ ဘုန်းအသရေနဲ့ အစွမ်းတန်ခိုးရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။+

      ၂၉ ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင် ချီးမွမ်းကြ။+

      လက်ဆောင်တွေယူပြီး ရှေ့တော်ကို လာကြ။+

      သန့်ရှင်းတဲ့အဝတ် ဝတ်ပြီး* ယေဟောဝါကို ဦးချကြ။+

      ၃၀ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်မှာ ကြောက်ရွံ့ တုန်လှုပ်ကြ။

      ကမ္ဘာမြေကို ရွှေ့လို့မရနိုင်အောင်  အခိုင်အမာ တည်ထားတယ်။+

      ၃၁ မိုးကောင်းကင် ပျော်ရွှင်ပါစေ။ ကမ္ဘာမြေ ရွှင်လန်းပါစေ။+

      ‘ယေဟောဝါ ဘုရင်ဖြစ်ပြီ’ လို့ လူမျိုးတွေအလယ်မှာ ကြေညာကြ။+

      ၃၂ ပင်လယ်နဲ့ ပင်လယ်ထဲမှာရှိသမျှ မြည်ဟည်းကြပါစေ။

      လယ်ပြင်နဲ့ လယ်ပြင်မှာရှိသမျှ ဝမ်းမြောက်ကြပါစေ။

      ၃၃ တစ်ချိန်တည်းမှာ တောသစ်ပင်တွေလည်း ယေဟောဝါရှေ့ ရွှင်လန်းစွာ သီချင်းဆိုကြပါစေ။

      ကမ္ဘာမြေကို တရားစီရင်ဖို့ ဘုရားကြွလာပြီ။

  • ဆာလံ ၂၉:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၉ ခွန်အားကြီးသူတို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။

      ယေဟောဝါက ဘုန်းအသရေနဲ့ အစွမ်းခွန်အားရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ