-
ယေရမိ ၂၅:၃၁-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ‘အသံတစ်သံက ကမ္ဘာမြေအစွန်အဖျားအထိ ပဲ့တင်ထပ်သွားလိမ့်မယ်။
ယေဟောဝါက လူမျိုးတွေနဲ့ တရားဆိုင်လိမ့်မယ်။
လူအားလုံးကို ကိုယ်တိုင် စီရင်ချက်ချလိမ့်မယ်။+
လူဆိုးတွေကို ဓားဘေးလက်ထဲ အပ်လိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
‘ဘေးဆိုးတစ်ခုဟာ တစ်နိုင်ငံပြီး တစ်နိုင်ငံဆီ ကူးစက်သွား မယ်။+
မုန်တိုင်းကြီးတစ်ခုက ကမ္ဘာမြေအစွန်အဖျားကနေ တိုက်ခတ်လာမယ်။+
၃၃ “‘အဲဒီနေ့မှာ ယေဟောဝါကွပ်မျက်လို့ သေတဲ့လူတွေဟာ မြေတစ်ပြင်လုံးမှာ ရှိလိမ့်မယ်။ သူတို့အတွက် ဘယ်သူမှ ညည်းတွားငိုကြွေးမှာ မဟုတ်ဘူး။ သူတို့ကို စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပေါ်မှာ နောက်ချေးပုံလို ဖြစ်သွားမယ်။’
-