- 
	                        
            
            ၂ ရှမွေလ ၂၂:၈-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၈ မြေကြီး ယိမ်းထိုးပြီး တုန်ခါလာတယ်။+ ကောင်းကင်ရဲ့အုတ်မြစ်တွေလည်း တသိမ့်သိမ့် တုန်လာတယ်။+ အမျက်တော်ကြောင့် အဲဒါတွေ ယိမ်းထိုးလာတယ်။+ ၉ ဘုရားရဲ့နှာခေါင်းထဲကနေ မီးခိုးတွေ၊ ခံတွင်းထဲကနေ ကျွမ်းလောင်စေတဲ့မီးတွေ ထွက်လာတယ်။+ ဘုရားဆီကနေ မီးကျီးခဲတွေ ထွက်လာတယ်။ ၁၀ ဘုရား ဆင်းသက်တဲ့အခါ ကောင်းကင် ညွှတ်ကျလာတယ်။+ ခြေတော်ရင်းမှာ မည်းမှောင်တဲ့တိမ်ထု ရှိနေတယ်။+ ၁၁ ဘုရားက ခေရုဗိမ်ကို စီးပြီး+ ပျံသန်းလာတယ်။ ကောင်းကင်တမန်* ရဲ့တောင်ပံပေါ်မှာ ဘုရားကို မြင်ရတယ်။+ ၁၂ မည်းမှောင်နေတဲ့ မိုးတိမ်၊ တိမ်ထုကြီးနဲ့ မှောင်မိုက်ကို ပတ်လည်မှာ ခြံရံထားတယ်။+ ၁၃ မီးကျီးခဲတွေက ရှေ့တော်မှာရှိတဲ့ လျှပ်စီးတွေထဲမှာ တောက်လောင်နေတယ်။ ၁၄ ယေဟောဝါက ကောင်းကင်မှာ မိုးခြိမ်းစေတယ်။+ အမြင့်ဆုံးအရှင်က အသံကို လွှင့်တယ်။+ ၁၅ မြားတွေ ပစ်လွှတ်ပြီး+ ရန်သူတွေကို ကစဉ့်ကလျား ဖြစ်စေတယ်။ လျှပ်စီးတွေလက်ပြီး သူတို့ကို ဖရိုဖရဲဖြစ်စေတယ်။+ မြေကြီးအုတ်မြစ်တွေ ပေါ်လာတယ်။ 
 
-