-
၁ ရှမွေလ ၂၃:၂၆-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ ရှောလုက တောင်ရဲ့ဒီဘက်ခြမ်းကို ရောက်လာတဲ့အခါ ဒါဝိဒ်နဲ့ သူ့လူတွေက တောင်ရဲ့ဟိုဘက်ခြမ်းမှာ ရှိနေကြတယ်။ ဒါဝိဒ်တို့က အဖမ်းခံရမယ့်ဆဲဆဲ ဖြစ်နေလို့+ ရှောလုနဲ့ သူ့လူတွေရဲ့ရန်ကနေ လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားချိန်မှာပဲ၊+ ၂၇ ရှောလုဆီ တမန်တစ်ယောက် ရောက်လာပြီး “အမြန်ပြန်ခဲ့ပါ။ ဖိလိတိတွေ တိုင်းပြည်ကို လာတိုက်နေပြီ” လို့သတင်းပေးတယ်။ ၂၈ ရှောလုလည်း ဒါဝိဒ်နောက် ဆက်မလိုက်တော့ဘဲ+ ဖိလိတိလူတွေကို တိုက်ခိုက်ဖို့ ပြန်လှည့်သွားတယ်။ ဒါကြောင့် အဲဒီနေရာဟာ လမ်းခွဲကျောက်ဆောင်လို့ နာမည်တွင်သွားတယ်။
-
-
၂ ရှမွေလ ၁၇:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ အဲဒီလူတွေ ထွက်သွားပြီးနောက် ယောနသန်နဲ့ အဟိမတ်က ရေတွင်းထဲကနေ တက်လာပြီး ဒါဝိဒ်မင်းဆီ သွားကြတယ်။ ပြီးတော့ “အခုပဲ မြစ်တစ်ဖက်ကမ်းကို ကူးသွားပါ။ မင်းကြီးကို တိုက်ဖို့ မကောင်းတဲ့အကြံကို အဟိသောဖေလ ပေးနေပါတယ်”+ ဆိုပြီး အကြောင်းစုံ ပြောပြတယ်။ ၂၂ ဒါဝိဒ်နဲ့ သူ့လူတွေလည်း ချက်ချင်းပဲ ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြတယ်။ မိုးလင်းတော့ တစ်ယောက်မကျန် တစ်ဖက်ကမ်းကို ရောက်နေကြပြီ။
-