- 
	                        
            
            တောလည်ရာ ၂၁:၂၁-၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၁ အစ္စရေးတွေက အာမောရိဘုရင် ရှိဟုန်ဆီ+ တမန်တွေလွှတ်ပြီး၊ ၂၂ “မင်းကြီးရဲ့ပြည်ကို ဖြတ်သွားခွင့်ပြုပါ။ လယ်မြေတွေ၊ စပျစ်ခြံတွေထဲ မဝင်ပါဘူး။ တွင်းရေကိုလည်း မသောက်ပါဘူး။ မင်းကြီးရဲ့နယ်မြေကို မကျော်မချင်း လမ်းမကြီးအတိုင်းပဲ သွားပါ့မယ်”+ လို့ခွင့်တောင်းပေမဲ့၊ ၂၃ ရှိဟုန်က ဖြတ်ခွင့်မပေးတဲ့အပြင် လူတွေကို စုရုံးပြီး တောမှာရှိတဲ့ အစ္စရေးတွေဆီ ချီတက်လာတယ်။ ယာဟတ်မြို့ကို ရောက်တဲ့အခါ အစ္စရေးတွေကို တိုက်ခိုက်တယ်။+ ၂၄ အစ္စရေးတွေလည်း ပြန်တိုက်ခိုက်ပြီး+ အာနုန်သဲချောင်းကနေ+ အမ္မုန်လူမျိုးတွေနေတဲ့ဒေသနားက ယာဗုတ်ချောင်းအထိ+ သိမ်းပိုက်လိုက်တယ်။+ အမ္မုန်လူမျိုးရဲ့နယ်စပ်မှာရှိတဲ့+ ယာဇာမြို့ကိုတော့+ မကျော်ဘူး။ 
 
-