ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကမ္ဘာဦး ၂၀:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ အဲဒီအခါ စစ်မှန်တဲ့ဘုရားသခင်က “မင်း သဘောရိုးနဲ့လုပ်မှန်း သိလို့ ငါ့ကို မပြစ်မှားမိအောင် တားနေတာ။ ဒါကြောင့် အဲဒီမိန်းမကိုထိဖို့ ငါခွင့်မပြုတာပေါ့။

  • တရားဟောရာ ၁၇:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ယေဟောဝါဘုရားရှေ့မှာ အမှုဆောင်တဲ့ ပုရောဟိတ်ရဲ့စကား၊ တရားသူကြီးရဲ့စကားကို နားမထောင်ဘဲ အတင့်ရဲပြီး လုပ်နေတဲ့သူကို သေဒဏ်ပေးရမယ်။+ ဒီနည်းနဲ့ ဆိုးညစ်မှုကို အစ္စရေးပြည်ကနေ ဖယ်ရှားပစ်ရမယ်။+

  • ၁ ရှမွေလ ၁၅:၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ ပုန်ကန်တာဟာ+ နတ်ဆိုးအတတ် လိုက်စားတဲ့ အပြစ်နဲ့ အတူတူပဲ။+ ရောင့်တက်တာဟာ မှော်အတတ်လိုက်စားတာ၊ ရုပ်တု* ကိုးကွယ်တာနဲ့ အတူတူပဲ။ မင်းက ယေဟောဝါဘုရားရဲ့ စကားကို ပစ်ပယ်တဲ့အတွက်+ ကိုယ်တော်ကလည်း မင်းကို ဘုရင်အဖြစ်ကနေ ပယ်လိုက်ပြီ”+ လို့ပြောတယ်။

  • ၂ ရှမွေလ ၆:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ ယေဟောဝါဘုရားက သြဇရဲ့ မခန့်လေးစားလုပ်ရပ်ကြောင့်+ အမျက်ထွက်ပြီး ဒဏ်ခတ်တဲ့အတွက်+ သေတ္တာတော်နားမှာပဲ သြဇသေသွားတယ်။

  • ၂ ရာဇဝင်ချုပ် ၂၆:၁၆-၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဒါပေမဲ့ သြဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်။ သူက ယေဟောဝါဘုရားကို သစ္စာဖောက်ပြီး နံ့သာပေါင်းပလ္လင်မှာ နံ့သာပေါင်းမီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။+ ၁၇ အဲဒီအခါ ယေဟောဝါရဲ့ ပုရောဟိတ် အာဇရိနဲ့ ရဲရင့်တဲ့ပုရောဟိတ် ၈၀ က ချက်ချင်းပဲ  သူ့နောက်  လိုက်သွားတယ်။ ၁၈ သူတို့က သြဇိမင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး “သြဇိမင်း၊ မင်းကြီးက ယေဟောဝါဘုရားဆီ နံ့သာပေါင်း မီးမရှို့သင့်ဘူး။+ သီးသန့်ဖယ်ထားတဲ့ အာရုန်ရဲ့သားမြေး ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့်ရှိတာ။+ သန့်ရှင်းရာဌာနတော်ကနေ ထွက်သွားပါ။ အခုလို သစ္စာဖောက်ပြီး နံ့သာပေါင်း မီးရှို့တဲ့အတွက် မင်းကြီးကို ယေဟောဝါဘုရား ဂုဏ်တင်မှာ မဟုတ်ဘူး” လို့ တားကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ