- 
	                        
            
            ဆာလံ ၁၂၈:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၂၈ ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး+ ကိုယ်တော်ရဲ့ လမ်းစဉ်တွေအတိုင်း လျှောက်လှမ်းသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ ၂ ကြိုးစားပမ်းစား လုပ်ခဲ့တာတွေကို စားသုံးရလိမ့်မယ်။ ပျော်ရွှင်ပြီး ကောင်းစားလိမ့်မယ်။+ ၃ အိမ်သူဇနီးဟာ အသီးသီးတဲ့စပျစ်ပင်နဲ့ တူလိမ့်မယ်။+ စားပွဲပတ်လည်မှာရှိတဲ့ သားတွေဟာ သံလွင်အညွန့်တွေနဲ့ တူလိမ့်မယ်။ ၄ ယေဟောဝါကို ကြောက်ရွံ့ရိုသေသူဟာ အဲဒီကောင်းချီးတွေ ခံစားရလိမ့်မယ်။+ ၅ ဇိအုန်ကနေ မင်းကို ယေဟောဝါ ကောင်းချီးပေးလိမ့်မယ်။ ဂျေရုဆလင် စည်ပင်သာယာနေတာကို တစ်သက်လုံး မင်းမြင်ရပါစေ။+ 
 
-