-
တရားဟောရာ ၆:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ “ဒါတွေဟာ ခင်ဗျားတို့ကို သွန်သင်ပေးဖို့ ယေဟောဝါဘုရားပေးထားတဲ့ ပညတ်ချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေပဲ။ ခင်ဗျားတို့ သိမ်းပိုက်တော့မယ့် ပြည်ကို ကူးသွားတဲ့အခါ အဲဒီအတိုင်း လိုက်နာရမယ်။ ၂ ကိုယ်တိုင်ရော သားမြေးတွေပါ+ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေပြီး ကျွန်တော် မှာကြားနေတဲ့ ဥပဒေတွေ၊ ပညတ်ချက်တွေကို တစ်သက်လုံး လိုက်နာရမယ်။ ဒါမှ ခင်ဗျားတို့ အသက်ရှည်ရှည် နေရမယ်။+
-