-
ဟီဘရူး ၁၀:၅-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဒါကြောင့် ခရစ်တော်က ဒီလောကကိုလာတဲ့အခါ “‘ကိုယ်တော်က ပူဇော်သက္ကာတွေ၊ အလှူတွေကို မလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်ထားတယ်။ ၆ အကုန်အစင် မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မနှစ်သက်ဘူး’+ လို့ပြောခဲ့တယ်။ ၇ ပြီးတော့ ‘ဘုရားသခင်၊ (ကျမ်းလိပ်ထဲမှာ ကျွန်တော့်အကြောင်း ရေးထားတဲ့အတိုင်း) အလိုတော်ဆောင်ဖို့ ကျွန်တော် ရောက်လာပါပြီ’”+ လို့လည်း ပြောခဲ့တယ်။ ၈ ပညတ်တရားအရ ဆက်သရတဲ့ “ပူဇော်သက္ကာတွေ၊ အလှူတွေ၊ အကုန်အစင် မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မလိုချင်ဘူး၊ မနှစ်သက်ဘူး” လို့ အရင်ဆုံး ပြောပြီးမှ၊ ၉ “အလိုတော်ဆောင်ဖို့ ကျွန်တော် ရောက်လာပါပြီ”+ လို့ ပြောခဲ့တယ်။ ဒုတိယအစီအစဉ်ကို အတည်ဖြစ်စေဖို့ ပထမအစီအစဉ်ကို သူ ပယ်ဖျက်လိုက်တာပဲ။
-