-
တရားသူကြီး ၁၃:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ မာနော်က “ဘုရားသခင်ကို မြင်လိုက်ရတဲ့အတွက် ငါတို့သေတော့မှာပဲ”+ ဆိုပြီး ပြောတော့၊ ၂၃ သူ့ဇနီးက “ယေဟောဝါဘုရားသာ ကျွန်မတို့ကို သေစေချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ မီးရှို့ရာအလှူနဲ့+ ကောက်နှံအလှူကို လက်ခံမှာမဟုတ်ဘူး။ အံ့သြစရာတွေကို လုပ်ပြမှာမဟုတ်ဘူး။ ဒီအကြောင်းတွေကိုလည်း ပြောပြမှာမဟုတ်ဘူး” လို့ ပြန်ပြောတယ်။
-
-
၁ ရှမွေလ ၂၅:၃၀၊ ၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ ယေဟောဝါဘုရားက သခင့်ကို ကတိပေးထားတဲ့အတိုင်း ကောင်းကျိုးချမ်းသာတွေ ပေးသနားပြီး အစ္စရေးခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ၊+ ၃၁ သခင်ဟာ အကြောင်းမဲ့ လူသတ်ခဲ့မိလို့၊ ကိုယ်တိုင် လက်စားချေခဲ့မိလို့ ဝမ်းနည်းပြီး နောင်တရတဲ့အဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး။+ ယေဟောဝါဘုရားက သခင့်ကို ကောင်းကျိုးချမ်းသာတွေ ပေးသနားတဲ့အခါ ကျွန်မကို သတိရပါ” လို့ ပြောလိုက်တယ်။
-
-
ဧသတာ ၅:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ကျွန်မကို မင်းကြီးစိတ်နဲ့ တွေ့တယ်၊ ကျွန်မ အသနားခံတာကို ပေးချင်တယ်၊ ကျွန်မတောင်းဆိုတဲ့အတိုင်း လုပ်ပေးချင်တယ်ဆိုရင် မနက်ဖြန် မင်းကြီးနဲ့ ဟာမန်အတွက် ပြင်ဆင်မယ့် စားသောက်ပွဲကို ဟာမန်နဲ့အတူ ကြွတော်မူပါဦး။ မနက်ဖြန်ကျမှ ကျွန်မ တောင်းဆိုပါ့မယ်” လို့ဖြေတယ်။
-
-
တိတု ၂:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အသက်ကြီးတဲ့ အမျိုးသမီးတွေလည်း လေးစားထိုက်တဲ့ အပြုအမူရှိသူ၊ ကောင်းမွန်ရာကို သွန်သင်ပေးသူ ဖြစ်ရမယ်။ သွားပုပ်လေလွင့်ပြောသူ၊ ဝိုင်ရဲ့ ကျေးကျွန်ဖြစ်နေသူ မဟုတ်ရဘူး။
-