-
ဧသတာ ၆:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ဒါနဲ့ ဟာမန်က မင်းဝတ်တန်ဆာနဲ့ စီးတော်မြင်းကို ယူလာတယ်။ မော်ဒကဲကို မင်းဝတ်တန်ဆာ ဝတ်ဆင်ပေးပြီး+ စီးတော်မြင်းနဲ့ လူထုရင်ပြင်မှာ လှည့်လည်စေတယ်။ ပြီးတော့ “မင်းကြီး ဂုဏ်ပြုချင်တဲ့သူကို ဒီလို ဂုဏ်ပြုချီးမြှင့်ရတယ်” လို့ ရှေ့ကနေ ကြေညာတယ်။ ၁၂ အဲဒီနောက် မော်ဒကဲက နန်းတော်တံခါးဆီ ပြန်လာတယ်။ ဟာမန်ကတော့ ခေါင်းကိုခြုံပြီး ညည်းတွားမြည်တမ်းရင်း အိမ်ကို သုတ်ခြေတင်တော့တယ်။
-