-
ဆာလံ ၃၃:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ပင်လယ်ရေကို ဆည်ထဲမှာ စုသလို စုစည်းထားတယ်။+
လှိုင်းထန်တဲ့ရေကိုလည်း သိုလှောင်ခန်းတွေမှာ သိမ်းထားတယ်။
-
-
ဆာလံ ၁၀၄:၆-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ကိုယ်တော်က ဝတ်ရုံနဲ့ဖုံးလွှမ်းသလို ကမ္ဘာမြေကို နက်ရှိုင်းတဲ့ ရေထုနဲ့ ဖုံးလွှမ်းတယ်။+
တောင်တန်းတွေကို ရေထုနဲ့ ဖုံးလွှမ်းတယ်။
၇ ကိုယ်တော် ဆုံးမလိုက်တာနဲ့ ရေတွေ ထွက်ပြေးသွားတယ်။+
မိုးခြိမ်းသံနဲ့တူတဲ့ အသံတော်ကြောင့် ရေတွေ အလန့်တကြား ထွက်ပြေးသွားတယ်။
၈ ကိုယ်တော် သတ်မှတ်ပေးတဲ့ နေရာဆီ
တောင်တန်းတွေ မြင့်တက်သွားတယ်၊+ ချိုင့်ဝှမ်းတွေ နိမ့်ဆင်းသွားတယ်။
၉ ကမ္ဘာမြေကို နောက်တစ်ခါ ရေမလွှမ်းမိုးနိုင်အောင်
ရေတွေ ဖြတ်ကျော်လို့ မရတဲ့ နယ်နိမိတ်ကို ကိုယ်တော် သတ်မှတ်ပေးတယ်။+
-
-
ယေရမိ ၅:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ယေဟောဝါက ‘မင်းတို့ ငါ့ကို မကြောက်ကြဘူးလား။
ငါ့ရှေ့မှာ မတုန်လှုပ်ကြဘူးလား။
သဲသောင်ကို ပင်လယ်ရဲ့ နယ်နိမိတ်အဖြစ် သတ်မှတ်တာ၊
ပင်လယ်ရေတွေ မကျော်ဖြတ်နိုင်တဲ့ ထာဝရစည်းမျဉ်းကို ချမှတ်တာ ငါပဲ။
လှိုင်းတွေက တဝုန်းဝုန်းရိုက်ခတ်ပေမဲ့ မလွှမ်းမိုးနိုင်ဘူး။
တဟုန်းဟုန်းမြည်ပေမဲ့ နယ်နိမိတ်ကို မကျော်နိုင်ဘူး။+
-