ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၂၁:၂၀၊ ၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အဲဒီအခါ အာဟပ်မင်းက “ရန်သူကြီး၊+ မင်း ငါ့ကို ရှာတွေ့ပြီပေါ့” လို့မေးတော့ ဧလိယက “ဟုတ်တယ်၊ ရှာတွေ့ပြီ။ ဘုရားသခင် ပြောတာက ‘မင်းဟာ ငါယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက်၊+ ၂၁ မင်းအပေါ် ငါဘေးဆိုးကျရောက်စေပြီး မင်းကို ရှင်းထုတ်မယ်။ အစ္စရေးပြည်က ခိုကိုးရာမဲ့သူနဲ့ နိမ့်ကျသူအပါအဝင် အာဟပ်အမျိုးထဲက ယောက်ျားမှန်သမျှကို ငါပယ်ရှင်းမယ်။+

  • ၁ ဘုရင်များ ၂၂:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ အစ္စရေးဘုရင်က “လူတစ်ယောက်တော့ ကျန်သေးတယ်။ အိမလရဲ့သား မိက္ခာယဆိုတဲ့ လူပေါ့။ သူကတစ်ဆင့် ယေဟောဝါဘုရားကို မေးမြန်းလို့ရတယ်။+ ဒါပေမဲ့ သူ့ကို ငါသိပ်မုန်းတယ်။+ အဲဒီလူက ငါနဲ့ပတ်သက်ပြီး ဘယ်တော့မှ အကောင်း မဟောတတ်ဘူး။ မကောင်းတာတွေကိုပဲ ဟောတတ်တယ်”+ လို့ပြောတဲ့အခါ ယောရှဖတ်က “မင်းကြီး ဒီလိုတော့ မပြောသင့်ပါဘူး” ဆိုပြီးပြောတယ်။

  • ၂ ရာဇဝင်ချုပ် ၂၅:၁၅၊ ၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ဒါကြောင့် ယေဟောဝါက အာမဇိကို အမျက်ထွက်ပြီး ပရောဖက်တစ်ယောက် စေလွှတ်တယ်။ အဲဒီပရောဖက်က “အရှင်မင်းကြီး၊ လူမျိုးခြားရဲ့ ဘုရားတွေကို ဘာလို့ ကိုးကွယ်ရတာလဲ။ အဲဒီဘုရားတွေက သူ့လူတွေကို မင်းကြီးရဲ့ လက်ထဲကနေတောင် မကယ်နိုင်တာ”+ ဆိုပြီး ပြောတယ်။ ၁၆ အဲဒီအခါ အာမဇိက “တိတ်စမ်း။+ မင်းကို အတိုင်ပင်ခံရာထူး ခန့်ထားလို့လား။+ သေချင်နေပြီနဲ့ တူတယ်” ဆိုပြီး ကြိမ်းလိုက်တယ်။ ပရောဖက်က “ကျွန်တော်ပေးတဲ့အကြံကို နားမထောင်ဘဲ အခုလိုလုပ်တဲ့အတွက် မင်းကြီးကို ဖျက်ဆီးဖို့ ဘုရားသခင် ဆုံးဖြတ်ပြီးသားဆိုတာ ကျွန်တော်သိတယ်”+ လို့ပြောပြီး တိတ်တိတ်နေလိုက်တယ်။

  • မဿဲ ၇:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ “ခွေးကို မြင့်မြတ်တဲ့အရာတွေ မပေးပါနဲ့။ ဝက်ရှေ့မှာလည်း ပုလဲတွေ မချထားပါနဲ့။+ အဲဒါတွေကို နင်းချေပြီး ခင်ဗျားတို့ကို ပြန်ကိုက်လိမ့်မယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ