-
၁ ဘုရင်များ ၈:၃၁၊ ၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ “လူတစ်ယောက်က တခြားတစ်ယောက်ကို ပြစ်မှားတယ်လို့ စွပ်စွဲခံရပြီး ကျိန်ပြောဖို့* တောင်းဆိုခံရတဲ့အတွက် ဒီအိမ်တော်မှာရှိတဲ့ ပူဇော်ရာပလ္လင်ရှေ့ကို လာပြီး ကျိန်ပြောမယ်ဆိုရင်၊+ ၃၂ ကောင်းကင်ကနေ နားထောင်ပြီး အရေးယူ စီရင်ပေးပါ။ ဆိုးညစ်သူကို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး သူလုပ်ခဲ့တဲ့အတိုင်း ဒဏ်ပေးလှည့်ပါ။ ဖြောင့်မတ်သူကိုတော့ အပြစ်မဲ့တယ်လို့ သတ်မှတ်ပြီး သူ့ရဲ့ ဖြောင့်မတ်မှုနဲ့အညီ ဆုချလှည့်ပါ။+
-