-
ပညာအလိမ္မာ ၄:၇-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ။+ ဒါကြောင့် ဉာဏ်ပညာကို ဆည်းပူးပါ။
ဆည်းပူးနိုင်သမျှထဲမှာ သိနားလည်နိုင်စွမ်းကိုလည်း မပျက်မကွက် ဆည်းပူးပါ။+
၈ ဉာဏ်ပညာကို အလွန်တန်ဖိုးထားပါ။ မင်းကို ချီးမြှောက်လိမ့်မယ်။+
ဉာဏ်ပညာကို ပိုက်ဖက်ထားတဲ့အတွက် မင်းကို ဂုဏ်တင်လိမ့်မယ်။+
၉ ဉာဏ်ပညာက မင်းရဲ့ခေါင်းမှာ တင့်တယ်တဲ့ပန်းဦးရစ် တင်ပေးလိမ့်မယ်။
လှပတဲ့သရဖူ ဆောင်းပေးလိမ့်မယ်။”
-