-
တရားဟောရာ ၂၄:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “ကိုယ့်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ စာရင်းငှားတစ်ယောက်ကို လုပ်အားခပေးတဲ့အခါ ကလိမ်ကကျစ် မလုပ်ရဘူး။+ ၁၅ သူက ဆင်းရဲပြီး အဲဒီလုပ်အားခနဲ့ အသက်ဆက်နေရလို့ လုပ်အားခကို နေမဝင်ခင် နေ့ချင်းပေးရမယ်။+ မပေးရင် ယေဟောဝါဆီမှာ သူအော်ဟစ်တိုင်ကြားလိမ့်မယ်။ အဲဒီအခါ ကိုယ့်အပြစ် ဖြစ်သွားလိမ့်မယ်။+
-
-
ဆာလံ ၁၂:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဒါကြောင့် ယေဟောဝါက “ဒုက္ခရောက်သူတွေ ဖိနှိပ်ခံရပြီး
ဆင်းရဲသားတွေ ညည်းတွားနေရတဲ့အတွက်+
ငါထပြီး အရေးယူလုပ်ဆောင်မယ်။
သူတို့ကို အထင်သေးသူတွေရဲ့ လက်ကနေ ငါကယ်တင်မယ်” လို့ပြောတယ်။
-