-
၂ ရှမွေလ ၁၅:၃၂-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ ဘုရားသခင်ကို လူတွေ ပျပ်ဝပ်ကိုးကွယ်လေ့ရှိတဲ့ တောင်ထိပ်ဆီ ဒါဝိဒ်ရောက်လာတဲ့အခါ အာခိလူမျိုး+ ဟုရှဲက+ ခေါင်းပေါ် မြေမှုန့်တွေတင်၊ ဝတ်လုံကို ဆွဲဆုတ်ပြီး လာကြိုတယ်။ ၃၃ ဒါဝိဒ်က သူ့ကို “မင်း ငါနဲ့လိုက်ရင် ဘာမှကူညီပေးနိုင်မှာ မဟုတ်ဘူး။ ၃၄ မြို့ကို ပြန်သွားပြီး အဗရှလုံကို ‘အရှင်မင်းကြီး၊ ကျွန်တော်ဟာ မင်းကြီးရဲ့အမှုထမ်းပါ။ အရင်တုန်းက မင်းကြီးရဲ့ ခမည်းတော်ဆီမှာလည်း အမှုထမ်းခဲ့ဖူးပါတယ်။ အခု၊ မင်းကြီးဆီမှာ အမှုထမ်းပါ့မယ်’+ လို့ ပြောမယ်ဆိုရင်တော့ အဟိသောဖေလရဲ့ အကြံကို ပျက်ပြားအောင် လုပ်နိုင်သလို ငါ့ကိုကူညီရာလည်း ရောက်မယ်။+
-
-
ပညာအလိမ္မာ ၂၂:၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို တွေ့ဖူးသလား။
အဲဒီလိုလူဟာ သာမန်လူတွေရှေ့မှာ မဟုတ်ဘဲ
ဘုရင့်ရှေ့တော်မှာ ခစားရလိမ့်မယ်။+
-