-
နေဟမိ ၅:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ပြီးတော့ “တခြားလူမျိုးတွေဆီမှာ ရောင်းစားခံခဲ့ရတဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ဝယ်ခဲ့တယ်။ အခု ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုတွေကို ပြန်ရောင်းစားဦးမလို့လား။+ သူတို့ကို ကျွန်တော်တို့ ပြန်ဝယ်ရဦးမှာလား” လို့ ကျွန်တော်ပြောတော့ သူတို့ ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ဆိတ်နေကြတယ်။ ၉ “ခင်ဗျားတို့ရဲ့ လုပ်ရပ်ဟာ လုံးဝမသင့်တော်ဘူး။ တကယ်တော့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ခင်ဗျားတို့ လုပ်ဆောင်သင့်တာ။+ ဒါမှ ရန်သူလူမျိုးခြားတွေရဲ့ ကဲ့ရဲ့မှုကနေ လွတ်တော့မှာပေါ့။
-