ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၂:၂၂-၂၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ဧလိဟာ သိပ်ကိုအသက်ကြီးနေပြီ။ အစ္စရေးတွေအပေါ် သူ့သားတွေ ဘယ်လို ပြုမူတဲ့အကြောင်း၊+ တွေ့ဆုံရာတဲတော်ဝင်ပေါက်မှာ အမှုဆောင်တဲ့ အမျိုးသမီးတွေနဲ့ အတူအိပ်တဲ့အကြောင်း+  အားလုံးကို  သူကြားတယ်။ ၂၃ ဧလိက “မင်းတို့ ဘာလို့ ဒီလိုလုပ်တာလဲ။ မင်းတို့နဲ့ပတ်သက်ပြီး လူတွေဆီကနေ ငါကြားရတဲ့သတင်းက မကောင်းဘူးနော်။ ၂၄ ငါ့သားတို့၊ အဲဒီလို မလုပ်ကြပါနဲ့တော့။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ပြန့်နေတဲ့ မင်းတို့ရဲ့သတင်းက လူကြားလို့ မကောင်းဘူး။ ၂၅ လူလူချင်း ပြစ်မှားမိရင် ပြစ်မှားသူအတွက် ယေဟောဝါဘုရားဆီ အသနားခံပေးမယ့်သူ ရှိတယ်။* ယေဟောဝါဘုရားကို ပြစ်မှားမိရင်တော့+ ပြစ်မှားသူအတွက် ဘယ်သူ အသနားခံပေးမလဲ” ဆိုပြီး ပြောလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ နားမထောင်ကြဘူး။ ယေဟောဝါက သူတို့ကို သေဒဏ်ပေးဖို့ ဆုံးဖြတ်ထားတယ်။+

  • ၁ ရှမွေလ ၈:၁-၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ရှမွေလက အိုမင်းလာတဲ့အခါ သားတွေကို အစ္စရေးပြည်မှာ တရားသူကြီးတွေအဖြစ်  ခန့်လိုက်တယ်။ ၂ သားဦးက ယောလ၊ ဒုတိယသားက အဘိယလို့ခေါ်တယ်။+ သူတို့က ဗေရရှေဘမြို့မှာ တရားသူကြီး လုပ်ကြတယ်။ ၃ ဒါပေမဲ့ သူတို့က ဖခင်ရဲ့လမ်းစဉ်အတိုင်း မလိုက်ဘူး။ မတရား အမြတ်ထုတ်တယ်။+ လာဘ်စားတယ်။+ အမှန်တရားကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ကြတယ်။+

  • ၂ ရှမွေလ ၁၅:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဒါဝိဒ်လည်း ချက်ချင်းပဲ ဂျေရုဆလင်မြို့မှာရှိတဲ့ မင်းမှုထမ်းအားလုံးကို “ကဲ၊ ထွက်ပြေးကြစို့။ အဗရှလုံလက်ကနေ လွတ်အောင် မြန်မြန် ပြေးကြစို့။+ မဟုတ်ရင် သူ အမီလိုက်လာပြီး ငါတို့ကို ဒုက္ခပေးမှာ၊ မြို့ကိုလည်း ချေမှုန်းပစ်မှာ”+ လို့အမိန့်ပေးတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ