-
ဒေသနာ ၉:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ယောက်ျားသားနည်းနည်းပဲရှိတဲ့ မြို့ငယ်တစ်မြို့မှာပေါ့။ ခွန်အားကြီးတဲ့ ဘုရင်တစ်ပါးက အဲဒီမြို့ကို ထိုးစစ်ဆင်ဖို့ မြို့ရိုးပတ်လည်မှာ တံတိုင်းခတ်လိုက်တယ်။ ၁၅ အဲဒီမြို့မှာ ဆင်းရဲပေမဲ့ ဉာဏ်ပညာရှိတဲ့ လူတစ်ယောက် ရှိတယ်။ သူက ဉာဏ်ပညာသုံးပြီး မြို့ကို ကယ်တင်လိုက်တယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ သတိမရကြတော့ဘူး။+
-
-
ယာကုပ် ၂:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ ခင်ဗျားတို့စည်းဝေးတဲ့ နေရာကို လူနှစ်ယောက်ဝင်လာတယ် ဆိုပါစို့။ တစ်ယောက်က ရွှေလက်စွပ်ဝတ်ပြီး သားသားနားနား ဝတ်ထားတယ်။ နောက်တစ်ယောက်ကတော့ ဆင်းရဲပြီး ဟောင်းနွမ်းညစ်ပေတဲ့အဝတ် ဝတ်ထားတယ်။ ၃ သားသားနားနား ဝတ်ထားသူကို မျက်နှာသာပေးပြီး “ဒီနေရာကောင်းမှာ ထိုင်ပါ” လို့ပြောမယ်၊ ဆင်းရဲသူကိုတော့ “ဟိုမှာ ရပ်နေလိုက်” ဒါမှမဟုတ် “ခြေတင်ခုံနားမှာ ထိုင်လိုက်”+ လို့ ပြောမယ်ဆိုရင်၊
-