-
ကမ္ဘာဦး ၅၀:၁၉-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ယောသပ်က “မစိုးရိမ်ပါနဲ့၊ အစ်ကိုတို့ရာ။ ဘုရားသခင်ကပဲ အပြစ်ပေးနိုင်တာပါ။ ကျွန်တော် ပေးလို့မရပါဘူး။ ၂၀ ကျွန်တော့်ကို အစ်ကိုတို့ မကောင်းကြံခဲ့ပေမဲ့+ ဘုရားသခင်က အခုလို လူအများရဲ့အသက်ကို ကယ်ဖို့ အကောင်းဖြစ်စေခဲ့ပြီပဲ။+ ၂၁ ဒါကြောင့် မစိုးရိမ်ကြပါနဲ့။ အစ်ကိုတို့နဲ့ ကလေးတွေအတွက် အစားအစာတွေ ကျွန်တော် ဆက်ထောက်ပံ့ပေးမှာပါ”+ လို့ပြန်ပြောတယ်။ သူတို့ရဲ့စိုးရိမ်စိတ်တွေ ပြေအောင် အဲဒီလို နှစ်သိမ့်ပေးတယ်။
-
-
မဿဲ ၁၈:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ အဲဒီအခါ ပေတရုက အနားလာပြီး “သခင်၊ ကျွန်တော့်ကို ပြစ်မှားတဲ့ ညီအစ်ကိုကို ဘယ်နှစ်ကြိမ် ခွင့်လွှတ်ရမလဲ။ ခုနစ်ကြိမ်လား” လို့မေးတယ်။ ၂၂ ယေရှုက “ကျွန်တော်ပြောမယ်။ ခုနစ်ကြိမ်မက၊ ၇၇ ကြိမ်အထိ ခွင့်လွှတ်ရမယ်။+
-