-
၁ ရှမွေလ ၂:၂၂-၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ဧလိဟာ သိပ်ကိုအသက်ကြီးနေပြီ။ အစ္စရေးတွေအပေါ် သူ့သားတွေ ဘယ်လို ပြုမူတဲ့အကြောင်း၊+ တွေ့ဆုံရာတဲတော်ဝင်ပေါက်မှာ အမှုဆောင်တဲ့ အမျိုးသမီးတွေနဲ့ အတူအိပ်တဲ့အကြောင်း+ အားလုံးကို သူကြားတယ်။ ၂၃ ဧလိက “မင်းတို့ ဘာလို့ ဒီလိုလုပ်တာလဲ။ မင်းတို့နဲ့ပတ်သက်ပြီး လူတွေဆီကနေ ငါကြားရတဲ့သတင်းက မကောင်းဘူးနော်။ ၂၄ ငါ့သားတို့၊ အဲဒီလို မလုပ်ကြပါနဲ့တော့။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ပြန့်နေတဲ့ မင်းတို့ရဲ့သတင်းက လူကြားလို့ မကောင်းဘူး။ ၂၅ လူလူချင်း ပြစ်မှားမိရင် ပြစ်မှားသူအတွက် ယေဟောဝါဘုရားဆီ အသနားခံပေးမယ့်သူ ရှိတယ်။* ယေဟောဝါဘုရားကို ပြစ်မှားမိရင်တော့+ ပြစ်မှားသူအတွက် ဘယ်သူ အသနားခံပေးမလဲ” ဆိုပြီး ပြောလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ နားမထောင်ကြဘူး။ ယေဟောဝါက သူတို့ကို သေဒဏ်ပေးဖို့ ဆုံးဖြတ်ထားတယ်။+
-
-
၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။
-