-
၁ ဘုရင်များ ၂၁:၈-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ပြီးတော့ ယေဇဗေလက အာဟပ်ရဲ့နာမည်နဲ့ စာတွေရေး၊ တံဆိပ်တော် ခတ်နှိပ်ပြီး+ နာဗုတ်ရဲ့မြို့က အကြီးအကဲတွေ၊+ မှူးမတ်တွေဆီ ပို့လိုက်တယ်။ ၉ စာထဲမှာ “အစာရှောင်မယ့်နေ့ကို ကြေညာပြီး နာဗုတ်ကို လူတွေရှေ့မှာ ထိုင်ခိုင်းပါ။ ၁၀ လူဖျင်းနှစ်ယောက်က သူ့ရှေ့မှာ ထိုင်ပြီး ‘မင်းဟာ ဘုရားသခင်နဲ့ ဘုရင်ကို ကျိန်ဆဲတဲ့သူပဲ’+ လို့ သက်သေထွက်ဆိုစေ။+ အဲဒီနောက် သူ့ကို မြို့ပြင်ထုတ်၊ ကျောက်ခဲနဲ့ပေါက်သတ်စေ”+ ဆိုပြီး ရေးထားတယ်။
၁၁ နာဗုတ်ရဲ့ နေရင်းမြို့မှာရှိတဲ့ အကြီးအကဲတွေ၊ မှူးမတ်တွေလည်း ယေဇဗေလရဲ့စာမှာ ပါတဲ့အတိုင်း လုပ်ကြတယ်။
-
-
ယေရမိ ၃၈:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အဲဒီအခါ မင်းညီမင်းသားတွေက ဘုရင်ကို “အရှင်မင်းကြီး၊ ဒီလူကို ကွပ်မျက်လိုက်ပါ။+ သူက ဒီမြို့မှာ ကျန်ကြွင်းတဲ့ စစ်သည်တွေ၊ လူတွေကို စိတ်ဓာတ်ကျအောင် ပြောနေတယ်။ လူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာကို မလိုလားဘဲ ဘေးဆိုးကြုံရမှာကိုပဲ လိုလားနေတယ်” ဆိုပြီး လျှောက်တင်တယ်။ ၅ ဘုရင်ဇေဒကိက “သူဟာ မင်းတို့ လက်ထဲမှာ ရှိတာပဲ။ မင်းတို့အလိုကို ဆန့်ကျင်ပြီး ငါဘာလုပ်နိုင်လို့လဲ” လို့ပြန်ပြောတယ်။
-