ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၈:၁၁၊ ၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ “ခင်ဗျားတို့ကို အုပ်ချုပ်မယ့် ဘုရင်က ဘာတွေ တောင်းဆိုပိုင်ခွင့်ရှိသလဲဆိုတော့+ ခင်ဗျားတို့ရဲ့သားတွေကို+ သူ့ရဲ့မြင်းရထား မောင်းခိုင်းမယ်။+ မြင်းစီးသူရဲ လုပ်ခိုင်းမယ်။+ တချို့ကို သူ့ရဲ့မြင်းရထားရှေ့မှာ ပြေးခိုင်းမယ်။ ၁၂ တချို့ကို လူတစ်ထောင်အုပ်၊+ ငါးဆယ်အုပ်ဆိုပြီး+ ခန့်ထားလိမ့်မယ်။ တချို့က လယ်ထွန်ပြီး+ ရိတ်သိမ်းပေးရမယ်။+ စစ်လက်နက်တွေ၊ မြင်းရထားအတွက် ပစ္စည်းကိရိယာတွေ လုပ်ပေးရမယ်။+

  • ၁ ဘုရင်များ ၄:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ ရှောလမုန်က အစ္စရေးနိုင်ငံ တစ်ဝန်းလုံးမှာ ဝန်မင်း ၁၂ ယောက် ခန့်ထားတယ်။ သူတို့က ဘုရင်နဲ့ နန်းတော်သားတွေအတွက် ရိက္ခာဆက်ရတယ်။ တစ်လမှာ ဝန်မင်းတစ်ယောက် အလှည့်ကျ တာဝန်ယူရတယ်။+

  • ၂ ရာဇဝင်ချုပ် ၂၆:၉၊ ၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ဒါ့အပြင် ဂျေရုဆလင်မြို့ရဲ့ မြို့ထောင့်တံခါး၊+ ချိုင့်ဝှမ်းတံခါးနဲ့+ ပြအိုးနားမှာ မျှော်စင်တွေ+ အခိုင်အမာ တည်ဆောက်တယ်။ ၁၀ သြဇိမင်းက တောထဲမှာ မျှော်စင်တွေ+ တည်ဆောက်တယ်၊  (သူ့မှာသိုးနွားတိရစ္ဆာန် အမြောက်အမြားရှိလို့) ရေတွင်းတွေ အများကြီး တူးတယ်။ ရှဖိလာအရပ်နဲ့ လွင်ပြင်မှာလည်း အဲဒီအတိုင်း လုပ်တယ်။ စိုက်ပျိုးရေးဝါသနာပါတဲ့အတွက် တောင်တန်းတွေပေါ်မှာ၊ ကရမေလတောင်ပေါ်မှာ လယ်သမားတွေ၊ စပျစ်ခြံလုပ်သားတွေ ထားတယ်။

  • ရှောလမုန်သီချင်း ၈:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ဗာလဟာမုန်အရပ်မှာ ရှောလမုန်မင်းကြီးရဲ့ စပျစ်ခြံရှိတယ်။+

      မင်းကြီးက အဲဒီခြံကို ခြံလုပ်သားတွေလက်ထဲ အပ်ထားတယ်။

      လုပ်သားတွေက သီးစားခ အနေနဲ့ ငွေစတစ်ထောင်စီ ဆက်သရတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ