- 
	                        
            
            ၁ ဘုရင်များ ၄:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၇ ရှောလမုန်က အစ္စရေးနိုင်ငံ တစ်ဝန်းလုံးမှာ ဝန်မင်း ၁၂ ယောက် ခန့်ထားတယ်။ သူတို့က ဘုရင်နဲ့ နန်းတော်သားတွေအတွက် ရိက္ခာဆက်ရတယ်။ တစ်လမှာ ဝန်မင်းတစ်ယောက် အလှည့်ကျ တာဝန်ယူရတယ်။+ 
 
- 
                                        
- 
	                        
            
            ၁ ဘုရင်များ ၄:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၂ ရှောလမုန်ရဲ့ နန်းတော်မှာ ပွဲတော်စာအတွက် တစ်နေ့ကို ဂျုံနု ကောရ* ၃၀၊ ရိုးရိုးဂျုံမှုန့် ကောရ ၆၀၊ ၂၃ သမင်၊ ဒရယ်၊ သမင်ငယ်မျိုးနဲ့ ဝဖြိုးတဲ့ဥသြငှက်တွေအပြင် ဆူဖြိုးတဲ့နွား ၁၀ ကောင်၊ စားကျက်ထဲက နွားအကောင် ၂၀၊ သိုးအကောင် ၁၀၀ ကုန်တယ်။ 
 
- 
                                        
- 
	                        
            
            ၁ ဘုရင်များ ၁၀:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄ ရှေဘဘုရင်မက ရှောလမုန်ရဲ့ ဉာဏ်ပညာကြီးမားပုံ၊+ တည်ဆောက်ထားတဲ့ နန်းတော်၊+ ၅ ပွဲတော်စာတွေ၊+ မှူးမတ်တွေအတွက် နေရာထိုင်ခင်း စီစဉ်ပုံ၊ ပွဲတော်အမှုထမ်းတွေရဲ့ တည်ခင်းဧည့်ခံပုံနဲ့ ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်တွေ၊ ယေဟောဝါရဲ့အိမ်တော်မှာ ပုံမှန်ပူဇော်တဲ့ မီးရှို့ရာ ပူဇော်သက္ကာတွေကို မြင်လိုက်ရတဲ့အခါ ရင်သပ်ရှုမော ဖြစ်သွားတယ်။ 
 
-