-
၁ ဘုရင်များ ၂၂:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အစ္စရေးဘုရင်က “လူတစ်ယောက်တော့ ကျန်သေးတယ်။ အိမလရဲ့သား မိက္ခာယဆိုတဲ့ လူပေါ့။ သူကတစ်ဆင့် ယေဟောဝါဘုရားကို မေးမြန်းလို့ရတယ်။+ ဒါပေမဲ့ သူ့ကို ငါသိပ်မုန်းတယ်။+ အဲဒီလူက ငါနဲ့ပတ်သက်ပြီး ဘယ်တော့မှ အကောင်း မဟောတတ်ဘူး။ မကောင်းတာတွေကိုပဲ ဟောတတ်တယ်”+ လို့ပြောတဲ့အခါ ယောရှဖတ်က “မင်းကြီး ဒီလိုတော့ မပြောသင့်ပါဘူး” ဆိုပြီးပြောတယ်။
-
-
၂ ရာဇဝင်ချုပ် ၂၅:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဒါကြောင့် ယေဟောဝါက အာမဇိကို အမျက်ထွက်ပြီး ပရောဖက်တစ်ယောက် စေလွှတ်တယ်။ အဲဒီပရောဖက်က “အရှင်မင်းကြီး၊ လူမျိုးခြားရဲ့ ဘုရားတွေကို ဘာလို့ ကိုးကွယ်ရတာလဲ။ အဲဒီဘုရားတွေက သူ့လူတွေကို မင်းကြီးရဲ့ လက်ထဲကနေတောင် မကယ်နိုင်တာ”+ ဆိုပြီး ပြောတယ်။ ၁၆ အဲဒီအခါ အာမဇိက “တိတ်စမ်း။+ မင်းကို အတိုင်ပင်ခံရာထူး ခန့်ထားလို့လား။+ သေချင်နေပြီနဲ့ တူတယ်” ဆိုပြီး ကြိမ်းလိုက်တယ်။ ပရောဖက်က “ကျွန်တော်ပေးတဲ့အကြံကို နားမထောင်ဘဲ အခုလိုလုပ်တဲ့အတွက် မင်းကြီးကို ဖျက်ဆီးဖို့ ဘုရားသခင် ဆုံးဖြတ်ပြီးသားဆိုတာ ကျွန်တော်သိတယ်”+ လို့ပြောပြီး တိတ်တိတ်နေလိုက်တယ်။
-