- 
	                        
            
            ရှောလမုန်သီချင်း ၄:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄ “အို မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ။ တကယ်လှတယ်ဗျာ။ ဇာပဝါနဲ့ ကွယ်ထားတဲ့ မင်းရဲ့မျက်လုံးတွေဟာ ချိုးငှက်ရဲ့ မျက်လုံးလေးတွေလိုပဲ။ မင်းရဲ့ဆံပင်တွေဟာ ဂိလဒ်တောင်တန်းတွေကနေ ဆင်းလာတဲ့ ဆိတ်အုပ်လိုပါပဲ။+ ၂ မင်းရဲ့ သွားလေးတွေဟာ ရေချိုးပြီး တက်လာတဲ့ အမွေးညှပ်ပြီးစ သိုးအုပ်နဲ့တူတယ်။ အားလုံး ညီညာသွယ်တန်းနေတယ်။ တစ်ချောင်းမှ မလျော့ဘူး။ ၃ မင်းရဲ့နှုတ်ခမ်းလေးတွေဟာ ကြက်သွေးရောင် ဖဲကြိုးလေးလိုပဲ။ မင်းပြောတဲ့ စကားတွေ ချိုသာလှတယ်။ ဇာပဝါနဲ့ ကွယ်ထားတဲ့ ပါးပြင်ဟာ သလဲသီးစိတ်နဲ့ တူတယ်။ 
 
-