-
ဟေရှာယ ၄၂:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ကြည့်ပါ။ အရင်က ငါဟောခဲ့တာတွေ ဖြစ်လာပြီ။
အခု အသစ်သောအရာတွေအကြောင်း ငါကြေညာနေတယ်။
အဲဒါတွေ မဖြစ်လာခင်ကတည်းက အခု ငါပြောပြနေတယ်။”+
-
-
ဟေရှာယ ၄၆:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အတိတ်ကဖြစ်ရပ်တွေကို ပြန်သတိရကြ။
ငါဟာ ဘုရားသခင်ပဲ၊ ငါကလွဲလို့ တခြားဘုရားမရှိမှန်း သတိရကြပါ။
ငါဟာ ဘုရားသခင်ပဲ။ ငါ့လိုဘုရားမျိုး မရှိဘူး။+
၁၀ နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်။
မလုပ်ဆောင်ရသေးတဲ့အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်။+
‘ငါ့ဆုံးဖြတ်ချက် တည်လိမ့်မယ်၊+ အလိုရှိရာမှန်သမျှ ငါလုပ်ဆောင်မယ်။’+
ဒါဟာ ငါကိုယ်တိုင်ပြောခဲ့တဲ့ စကားပဲ။
-
-
ဟေရှာယ ၄၈:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဟိုးအရင်ကတည်းက ငါပြောခဲ့တယ်။
အဲဒါတွေ မဖြစ်ခင်ကတည်းက မင်းတို့ကို ကြားသိစေခဲ့တယ်။
ဒါကြောင့် ‘ဒီလိုဖြစ်အောင် ငါ့ရုပ်တုက လုပ်လိုက်တာ။
ဒါတွေကို ငါ့ရုပ်တုဆင်းတုက အမိန့်ပေးတာ’ လို့ မင်းတို့ ပြောလို့မရဘူး။
-