-
ရောမ ၁:၂၁-၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ သူတို့က ဘုရားသခင်ကို သိပေမဲ့ ဘုရားအဖြစ် ဘုန်းတော်ကို မချီးမွမ်းဘူး၊ ကျေးဇူးလည်း မတင်ကြဘူး။ သူတို့ရဲ့ တွေးတောဆင်ခြင်မှုတွေဟာ အချည်းနှီးဖြစ်သွားပြီး အသိဉာဏ်မဲ့တဲ့ စိတ်နှလုံးကလည်း အမှောင်ဖုံးသွားတယ်။+ ၂၂ ဉာဏ်ပညာရှိသူတွေပါလို့ သူတို့ပြောနေပေမဲ့ မိုက်မဲသူတွေ ဖြစ်သွားတယ်။ ၂၃ မဖောက်ပြန်မပျက်စီးနိုင်တဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းမယ့်အစား ဖောက်ပြန်ပျက်စီးတတ်တဲ့ လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ တွားသွားသတ္တဝါတွေရဲ့ ရုပ်တုတွေကို ဂုဏ်တင်ချီးမွမ်းကြတယ်။+
-