- 
	                        
            
            ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။ 
 
- 
                                        
- 
	                        
            
            ဟေရှာယ ၄၂:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၄ လုယက်သူတွေလက်ထဲ ယာကုပ်ကို ဘယ်သူအပ်သလဲ။ တိုက်ခိုက်သူတွေလက်ထဲ အစ္စရေးကို ဘယ်သူအပ်သလဲ။ ငါတို့ပြစ်မှားခဲ့တဲ့အရှင် ယေဟောဝါပဲ မဟုတ်လား။ သူတို့က ဘုရားရဲ့လမ်းစဉ်အတိုင်း မလိုက်လျှောက်ဘူး။ ဘုရားရဲ့ပညတ်ကို မနာခံဘူး။+ ၂၅ ဒါကြောင့် ဘုရားက အစ္စရေးအပေါ် အမျက်ဒေါသ သွန်းလောင်းတယ်။ ပြင်းထန်တဲ့စစ်ပွဲ ကျရောက်စေတယ်။+ ပတ်လည်မှာ ရှိသမျှကို စစ်မီးလျှံတွေ ဝါးမျိုပေမဲ့ သူဂရုမစိုက်ဘူး။+ သူ့ကိုလောင်ကျွမ်းပေမဲ့ နှလုံးမသွင်းဘူး။+ 
 
-