၈ ဒါကြောင့် မင်းရဲ့မျက်နှာထားကို သူတို့ရဲ့မျက်နှာထားလို ငါမာကျောစေမယ်။ မင်းရဲ့နဖူးကိုလည်း သူတို့ရဲ့နဖူးလိုမာကျောစေမယ်။+ ၉ မင်းရဲ့နဖူးကို စိန်လို မာအောင်၊ မီးခတ်ကျောက်ထက် မာအောင် ငါလုပ်မယ်။+ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်လို့ သူတို့ကို မကြောက်နဲ့။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နဲ့။”+