-
ယေရမိ ၃၁:၃၅၊ ၃၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၅ နေ့ဘက်မှာ အလင်းရောင်ရဖို့ နေမင်းကြီးကို ပေးသနားတဲ့အရှင်၊
ညဘက်မှာ အလင်းရောင်ပေးဖို့ လမင်းနဲ့ ကြယ်စင်တွေအတွက် နိယာမတရားကို ပြဋ္ဌာန်းတဲ့အရှင်၊
ပင်လယ်ကို မွှေနှောက်ပြီး လှိုင်းတွေကို ဟုန်းဟုန်းထစေတဲ့အရှင်၊
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့အရှင် ပြောတာက–+
၃၆ “‘အဲဒီနိယာမတရားတွေ ပျက်ပြယ်မှသာ
အစ္စရေးရဲ့ သားမြေးတွေလည်း ငါ့ရှေ့မှာ လူမျိုးတစ်မျိုးအဖြစ်ကနေ ပျောက်ကွယ်နိုင်မှာ။+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
-
-
ယောန ၁:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ ယေဟောဝါက ပင်လယ်မှာ လေပြင်းတိုက်ခတ်စေတဲ့အတွက် မိုးသက်မုန်တိုင်းကျပြီး သင်္ဘော ပျက်လုမတတ် ဖြစ်လာတယ်။
-