-
ကမ္ဘာဦး ၄၆:၅-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ယာကုပ်က ဗေရရှေဘအရပ်ကနေ ထွက်လာတယ်။ သားတွေက ဖခင်ယာကုပ်နဲ့ သားမယားတွေကို ဖာရောမင်းပို့ပေးတဲ့ လှည်းတွေပေါ်တင်ပြီး ခေါ်လာတယ်။ ၆ ခါနန်ပြည်မှာစုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို သယ်လာပြီး တိရစ္ဆာန်အုပ်တွေကို ခေါ်လာကြတယ်။ ဒီလိုနဲ့ ယာကုပ်နဲ့ သားမြေးအားလုံး အီဂျစ်ပြည်ကို ရောက်လာတယ်။ ၇ ယာကုပ်က သားသမီးမြေးမြစ်တွေအပါအဝင် အိမ်သားအားလုံးကို အီဂျစ်ပြည်ဆီ ခေါ်လာတယ်။
-