-
ဟေရှာယ ၅၆:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ငါယေဟောဝါကို ကိုးကွယ်ပြီး ငါ့အတွက် အမှုဆောင်တဲ့ တိုင်းတစ်ပါးသားတွေဟာ
ယေဟောဝါရဲ့ နာမည်ကို ချစ်မြတ်နိုးသူတွေ၊+
ဥပုသ်နေ့ကို မညစ်ညူးစေဘဲ စောင့်ထိန်းသူတွေ၊
ငါ့ပဋိညာဉ်ကို စောင့်ထိန်းသူတွေပဲ။
၇ သူတို့ကိုလည်း ငါ့ရဲ့ သန့်ရှင်းတဲ့တောင်ဆီ ခေါ်လာမယ်။+
ဆုတောင်းရာ အိမ်တော်ထဲမှာ သူတို့ ဝမ်းမြောက်ရလိမ့်မယ်။
ပူဇော်ရာပလ္လင်ပေါ် သူတို့ဆက်သတဲ့ အကုန်အစင် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေကို ငါလက်ခံမယ်။
ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြလိမ့်မယ်။”+
-
-
ဟေရှာယ ၆၆:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ အစ္စရေးတွေက လက်ဆောင်ကို သန့်ရှင်းတဲ့ ခွက်ဖလားထဲ ထည့်ပြီး ယေဟောဝါရဲ့ အိမ်တော်ကို သယ်ဆောင်လာသလို သူတို့လည်း လူမျိုးတကာဆီ ရောက်နေတဲ့ မင်းတို့ရဲ့ ညီအစ်ကိုအားလုံးကို မြင်း၊ မြင်းရထား၊ အမိုးပါတဲ့လှည်း၊ လား၊ လျင်မြန်တဲ့ ကုလားအုတ်တွေပေါ်တင်ပြီး ယေဟောဝါအတွက် လက်ဆောင်အဖြစ် သန့်ရှင်းတဲ့တောင် ဂျေရုဆလင်ဆီ သယ်ဆောင်လာမယ်”+ လို့ ယေဟောဝါပြောတယ်။
-