ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၃၁:၁၆၊ ၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ယေဟောဝါက မောရှေကို ဆက်ပြောတယ်– “မကြာခင် မင်းသေဆုံးရတော့မယ်။ ဒီလူမျိုးက သူတို့ရောက်သွားမယ့် ပြည်မှာရှိတဲ့ တိုင်းတစ်ပါးဘုရားတွေကို ဝတ်ပြုကြလိမ့်မယ်။*+ ငါ့ကို စွန့်ပစ်ပြီး+ သူတို့နဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မယ်။+ ၁၇ အဲဒီအခါ ငါလည်း အကြီးအကျယ် စိတ်ဆိုးပြီး+ သူတို့ လုံးလုံးပျက်စီးသွားတဲ့အထိ စွန့်ပစ်ပြီး+ မျက်နှာလွှဲထားမယ်။+ သူတို့က ဘေးဆိုးတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီးကြုံရတဲ့အခါ+ ‘ငါတို့နဲ့အတူ ဘုရားသခင်မရှိလို့ ဒီဘေးဆိုးတွေ ကြုံရတာပဲ’+ ဆိုပြီး ပြောကြလိမ့်မယ်။

  • တရားဟောရာ ၃၂:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ ဒါကြောင့် ဘုရားသခင် ပြောတာက– ‘သူတို့ကို ငါမျက်နှာလွှဲမယ်။+

      သူတို့ရဲ့ ဇာတ်သိမ်းကို ငါစောင့်ကြည့်မယ်။

      သူတို့ဟာ ဖောက်ပြန်တဲ့ လူမျိုးဆက်ပဲ။+

      သစ္စာမရှိတဲ့ သားသမီးတွေပဲ။+

  • ဟေရှာယ ၅၇:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ မသမာနည်းနဲ့ စီးပွားရှာတဲ့ အပြစ်ကြောင့် သူတို့ကို ငါအမျက်ထွက်ပြီး ဒဏ်ခတ်တယ်။+

      အမျက်ထွက်ပြီး မျက်နှာလွှဲထားတယ်။

      ဒါပေမဲ့ သူတို့ကတော့ ကိုယ်ကြိုက်တဲ့ လမ်းစဉ်အတိုင်း လိုက်ပြီး ဖောက်ပြန်သူတွေလို ဆက်လျှောက်လှမ်းတယ်။+

  • ယေဇကျေလ ၃၉:၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ အစ္စရေးအမျိုးက ကိုယ်တိုင်လုပ်ခဲ့တဲ့ အပြစ်ကြောင့်၊ ငါ့ကို သစ္စာမဲ့တဲ့အတွက်ကြောင့် ပြည်နှင်ဒဏ်ခံခဲ့ရမှန်း လူမျိုးတွေ သိရကြလိမ့်မယ်။+ ငါ မျက်နှာလွှဲပြီး+ ရန်သူလက်ထဲ အပ်လိုက်တဲ့အတွက်+ အစ္စရေးတစ်မျိုးလုံး ဓားဘေးနဲ့ ကျဆုံးခဲ့ရတယ်။

  • မိက္ခာ ၃:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ