- 
	                        
            
            ၂ ဘုရင်များ ၁၈:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၃ ဟေဇကိနန်းစံ ၁၄ နှစ်မှာ အဆီးရီးယားဘုရင်+ သနာခရိပ်က ယုဒပြည်ရဲ့ ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းယူလိုက်တယ်။+ ၁၄ အဲဒီအခါ ယုဒဘုရင်ဟေဇကိက လာခိရှမြို့မှာရှိတဲ့ အဆီးရီးယားဘုရင်ကို “ကျွန်တော် မှားပါပြီ။ မင်းကြီးရဲ့တပ်ကို ဆုတ်ခွာပေးပါ။ တောင်းဆိုသမျှ ပေးပါ့မယ်” လို့ သတင်းပို့တဲ့အခါ အဆီးရီးယားဘုရင်က ငွေ တဲလင့်* ၃၀၀၊ ရွှေတဲလင့် ၃၀ တောင်းတယ်။ 
 
- 
                                        
- 
	                        
            
            ဟေရှာယ ၈:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၇ ဒါကြောင့် ငါယေဟောဝါက သူတို့ကိုတိုက်ဖို့ မြစ်ကြီးရဲ့* မာန်ဟုန်ပြင်းတဲ့ ရေနဲ့တူတဲ့ အဆီး ရီးယားဘုရင်နဲ့+ သူ့ရဲ့ အစွမ်းခွန်အားရှိသမျှကို ခေါ်လာမယ်။ သူကမြစ်ကမ်းပါး ကျော်တဲ့အထိ လျှံတက်လာပြီး ဒလဟောစီးတဲ့ ရေလုံးကြီးလို တစ်ဟုန်ထိုး ချီတက်လာမယ်။ ၈ အဲဒီနောက် ယုဒပြည်ကို တိုက်ချလိမ့်မယ်။ သူဟာ တစ်ပြည်လုံးကို လွှမ်းမိုးပြီး လည်ပင်းအထိ တက်လာတဲ့ရေလို ဖြစ်သွားမယ်။+ သူ့ရဲ့တောင်ပံတွေက တစ်ပြည်လုံးကို အုပ်မိုးလိမ့်မယ်။ 
 
-