ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အသတ်မခံရဘဲ ကျန်ရှိနေသူတွေကို ဗာဗုလုန်မြို့ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+ ပါးရှားနိုင်ငံ စတင်အာဏာရချိန်အထိ+ ဗာဗုလုန်ဘုရင်နဲ့ သားမြေးတွေဆီမှာ သူတို့ ကျွန်ခံရတယ်။+ ၂၁ တိုင်းပြည်ကလည်း အရင်ကမရခဲ့တဲ့ ဥပုသ်နှစ်တွေကို ပြန်ရတဲ့အတွက်+ လူသူကင်းမဲ့နေချိန် အနှစ် ၇၀ လုံးလုံး အနားရခဲ့တယ်။+ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။+

  • ဟေရှာယ ၄၉:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဒါပေမဲ့ ဇိအုန်က “ငါ့ကို ယေဟောဝါဘုရား စွန့်ပစ်လိုက်ပြီ။+

      ငါ့ကို ယေဟောဝါဘုရား မေ့သွားပြီ”+ လို့ပြောနေတယ်။

  • ယေရမိ ၃၀:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ “သူတို့က မင်းကို အပယ်ခံ၊

      ‘ဘယ်သူမှ လိုက်မရှာတဲ့ ဇိအုန်’ လို့ခေါ်ပေမဲ့+

      မင်းကို ငါပြန်ကျန်းမာစေမယ်။ မင်းရဲ့ဒဏ်ရာတွေကို ကုသပေးမယ်”+ လို့ယေဟောဝါ ပြောတယ်။

  • မြည်တမ်းစကား ၁:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၄ ပွဲတော်လာတဲ့သူ တစ်ယောက်မှ မရှိလို့ ဇိအုန်ရဲ့လမ်းတွေ ညည်းတွားနေတယ်။+

      မြို့တံခါးတွေ ပျက်စီးနေတယ်။+ ပုရောဟိတ်တွေ သက်ပြင်းချနေတယ်။

      အပျိုစင်တွေ ဝမ်းနည်းပူဆွေး နေတယ်။ သူကိုယ်တိုင်လည်း ခါးသီးတဲ့ဝေဒနာ ခံစားနေရတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ